International News

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ဆက်လက်ရပ်တည်

Last Updated:

ကိုရိုနာဗိုင်းရပ်ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် ကူးသန်းရောင်းဝယ်မှုလုပ်ငန်းများ နှေးကွေးတုန့်ဆိုင်းစေသည့်အတွက် အမေရိကန်လယ်သမားများနှင့် ပို့ကုန် တင်ပို့သူများသည် ၎င်းတို့ ပိုကုန်များကို တရုတ်နိုင်ငံအစား အခြားနိုင်ငံများသို့ တိုးချဲ့တင်ပို့မှု အားနည်းနေခဲ့သည့်အတွက် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံနေရာတွင် ဆက်လက်ရပ်တည်နေရာယူလျက်ရှိပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် အမေရိကန်-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၃၉.၇ ဘီလီယံထိ ဆောင်ရွက်ခဲ့ကာ ဖေဖော်ဝါရီလထက် ၄၃ ရာခိုင်နှုန်း တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မက္ကစီကိုနှင့် ကနေဒါနိုင်ငံများနှင့်ကုန်သွယ်မှုထက် ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဇန်နဝါရီလတွင် လက်မှတ်ရေးထိုးခဲ့သည့် ပထမ အဆင့် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူစာချုပ်ချုပ်ဆိုစဉ်က တရုတ်နိုင်ငံက အမေရိကန်လယ်ယာထွက်ကုန်များနှင့် အခြားကုန်စည်များကို ပိုမိုတိုးမြှင့်ဝယ်ယူမည်ဟု သဘောတူညီခဲ့ပြီးနောက်  နှစ်နိုင်ငံကုန်သွယ်မှု တိုးတက်ခဲ့ခြင်းဖြစ်ပါသည်။

တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ဂျီဒီပီတိုးတက်မှုအတွက် အကြီးမားဆုံး မောင်းနှင်အားတစ်ခုဖြစ်လာနိုင်ကြောင်း၊ အမေရိကန်ကုမ္ပဏီများကိုလည်း တရုတ် နိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကျိုးအမြတ်ရစေလိုကြောင်း၊ အမေရိကန်ကုန်စည်များကို တရုတ်နိုင်ငံက တိုးမြှင့်ဝယ်ယူနေသော်လည်း ကုန်သွယ် ရေးသဘောတူညီချက်အရ သတ်မှတ်ထားသည့်ပမာဏပြည့်မီအောင် ဝယ်ယူနိုင်ခြင်းမရှိသေးကြောင်း၊ သို့သော် ယခုကဲ့သို့ ကုန်သွယ်မှု တိုးတက်ဆောင်ရွက်နိုင်ခြင်း သည် အမေရိကန်ကုမ္ပဏီများနှင့် ရေရှည်ဆောင်ရွက်ရန် သဘောတူထားသည့် စည်းကမ်းချက်များကို တရုတ်နိုင်ငံအနေနှင့် လိုက်နာဆောင်ရွက်သည့် ကတိတည်မှုကို မြင်သာစေကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံသည် ဉာဏပစ္စည်းမူပိုင်ခွင့်၊ စိုက်ပျိုးရေးနှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍများတွင်လည်း စည်းမျဉ်းစည်းကမ်းများ သိသိသာသာ ပြောင်းလဲဆောင်ရွက်လျက်ရှိကြောင်း အမေရိကန်-တရုတ် စီးပွားရေး ကောင်စီ၊ ဥက္ကဌဖြစ်သူ Mr. Craig Allen က ဆိုပါသည်။

အမေရိကန်နိုင်ငံ၏ အကောက်ခွန်တိုးမြှင့်စည်းကြပ်ခဲ့သည့်အပေါ် တရုတ်နိုင်ငံက လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နိုင်ငံမှ ပဲပုတ်စေ့၊ ပြောင်းနှင့် အခြားလယ်ယာ ထွက်ကုန်များဝယ်ယူမှုရပ်ဆိုင်းခဲ့သည့်အတွက် အမေရိကန်လယ်သမားများ ထိခိုက်ခဲ့ကြကြောင်း၊ သို့သော် မကြာမီလများတွင် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံမှ ပြောင်း၊ ဂျုံနှင့် ပဲပုတ်စေ့ကဲ့သို့ သီးနှံများကို ယခင်ကုန်သွယ်ရေးစစ်ပွဲ မတိုင်ခင်ကာလများကထက် ပိုမိုဝယ်ယူခဲ့ပါသည်။ တရုတ်နိုင်ငံက အမေရိကန်နိုင်ငံ၏ ပဲပုတ်စေ့ သုံးပုံနှစ်ပုံခန့်ကို ဝယ်ယူတင်သွင်းခဲ့ပြီးဖြစ်ပါသည်။

ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာမည့်အချိန်တွင်လည်း နှစ်နိုင်ငံလုံးက  ရည်မှန်းချက်ပန်းတိုင်ပြည့်မီရန် ကုန်စည်အမယ်များစွာကို ကုန်သွယ်မှုတိုးမြှင့်ဆောင် ရွက်ရန်လိုအပ်ကြောင်း အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Mr. Robert Lighthizer ကဆိုပါသည်။

ငွေကြေးဈေးကွက်များ ကျဆင်းလာသည့်အတွက် အခြားသောကုန်စည်များ ကုန်သွယ်မှုတွင် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့စွမ်းအင် ဈေးကွက်ပျက်ပြားခဲ့သည့်အပြင် ဝယ်လိုအားကျဆင်းခဲ့သည့်အတွက် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံမှ စွမ်းအင်ဝယ်ယူရန် ကတိပြုထားသည့်ပမာဏ၏ ၃ ရာခိုင်နှုန်းသာဝယ်ယူနိုင်ခဲ့ကြောင်း သိရပါ သည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Source: The Wall Street Journal

Category: International News